Smartphone camera တွေမှာပါဝင်တဲ့ "Megapixels"ဆိုတာဘာလဲ?

ကျွန်တော်တို့ရဲ့ နေ့စဉ်သုံးစွဲနေတဲ့ Smartphone တွေမှာ Camera ရဲ့လုပ်ဆောင်နိုင်စွမ်းတွေဟာ တစ်နှစ်တက်တစ်နှစ် လွန်စွာမြင့်မားလာပြီး smartphone company များကလည်း Camera ပိုင်းကိုမြှင့်တင်လာကြတာကို တွေ့ရှိရပါတယ်။ ဒီလို Camera performance တွေကို "Megapixel" ဆိုတဲ့ unit နဲ့ ခွဲခြားသတ်မှတ်ကြပါတယ် (24Mp, 30Mp, 48Mp etc.)


"Megapixels"

Megapixle တစ်ခု(one megapixel) ဟာ pixels ပေါင်း တစ်သန်း ( one million)နဲ့ညီမျှပါတယ်။ Pixel ဆိုတာကတော့ digital image တစ်ခုမှာပါဝင်တဲ့ digital element ကိုဆိုလိုတာဖစ်ပါတယ်။Pixel အရေအတွက်ဟာ ကျွန်တော်တို့ရိုက်ကူးထားတဲ့ image ရဲ့ ရုပ်ထွက်( resolution)ကို သတ်မှတ်ပေးပါတယ်။ Pixel အရေအတွက်များလေ image ရဲ့ resolution ပိုကောင်းလေ ဖစ်ပါတယ်။

Camera နဲ့ "Megapixel" ဘယ်လိုဆက်နွယ်နေသလဲ?

ကျွန်တော်တို့ရဲ့ Camera တွေမှာ အဓိကလုပ်ဆောင်ပေးတဲ့ အရာတွေကတော့ Lens, အလင်းဝင်ပေါက်နဲ့ Image sensor တို့ဖစ်ပါတယ်။ ဓာတ်ပုံတစ်ပုံကို ရိုက်ကူးတဲ့အခါ ရိုက်ယူလိုက်တဲ့ object ရဲ့ အလင်းဟာ Camera ရဲ့ အလင်းဝင်ပေါက်နဲ့ မှန်ဘီလူး(lens) တွေကို ဖြတ်သန်းပြီး image sensor ကို အလင်းရိုက်ခတ်ပါတယ်။Image sensor မှာ အလွန်သေးငယ်တဲ့ receptors လိုခေါ်တဲ့ Pixels ပေါင်းသန်းချီပါဝင်ပါတယ်။Image sensor မှာပါဝင်တဲ့ receptor( pixels) အရေအတွက်ဟာ Camera တစ်လုံးရဲ့ Megapixles ဘယ်လောက် ဖမ်းယူနိုင်သလဲဆိုတာကို သတ်မှတ်ပေးပါတယ်။(တစ်နည်းအားဖြင့် resolution လို့လည်းခေါ်ကြပါတယ်) Image sensor မှာ ဖမ်းယူရရှိတဲ့ pixels တွေကို smartphoe processor က တစ်ဆင့်ပြန်လည်စီစဉ်ခြင်းကိုလုပ်ဆောင်ပါတယ် ( Camera က image တစ်ခုဖမ်းယူတဲ့အခါ အတည့်ဖမ်းယူခြင်း မဟုတ်ဘဲ ပြောင်းပြန်ဖမ်းယူသောကြောင့် Processor မှ ပြန်လည်စီစဉ်ပေးရခြင်းဖစ်ပါတယ်။) Image sensor တွေဟာ လူတွေရဲ့ မျက်လုံးတွေလို မဟုတ်တာကြောင့် Image ကို အတိအကျဖမ်းယူနိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် image မှာ gap တွေဖစ်လာပါတယ်။ Image ရဲ့ gaps တွေကို Processor ရဲ့ အသိဉာဏ်က နီးစပ်ရာ pixel တွေရဲ့ ကာလာနဲ့ ဖြည့်လိုက်ပါတယ်။ဒီလို Processor ရဲ့ လုပ်ငန်းပြီးဆုံးသွားချိန်မှာတော့ ကျွန်တော်တို့လိုချင်တဲ့ image ကိုရရှိပါပြီ။

Smartphone brand တစ်ခုနဲ့တစ်ခု Megapixels rate တူပေမဲ့ image resolution မှာဘာလို့ Color တွေမတူသလိုဖစ်နေတာလဲ?

အဓိကပြသနာကတော့ image sensor ဖစ်ပါတယ်။Image sensor တွေရဲ့ Sensor physical size ကွာခြားမှုဟာ image တွေရဲ့ ကွဲခြားချက်ကို ဖစ်ပေါ်စေတဲ့ အကြောင်းအရင်းဖစ်ပါတယ်။ ရိုးရိုးရှင်းရှင်းတွေးကြည့်ရင် 30 Mp sensor တစ်ခုဟာ 20 Mp sensor ထက်ပိုကောင်းတဲ့ image တစ်ခုကို ထုတ်ပေးနိုင်ပါတယ်။ဒါပေမဲ့ sensor physical size ကွာခြားမှုကြောင့် 20 Mp sensor ရဲ့ image က 30Mp sensor ရဲ့ image ထက်ပိုကောင်းတာနေတာမျိုးလည်း ဖစ်နိုင်ပါတယ်။အကယ်၍ 20 Mp sensor မှာ physical size ပိုကြီးပြီး ပိုကြီးတဲ့ receptor size (pixels) တွေပါဝင်ပြီး 30 Mp မှာ ပိုသေးတဲ့physical size နဲ့ ပိုသေးတဲ့ receptors တွေပါတယ်ဆိုပါစို့ ပိုကြီးတဲ့ receptors ( pixels) တွေဟာ scene ကနေလာတဲ့ အလင်းဝင်မှုကို ပိုသေးတဲ့ receptors (pixels) တွေ ထက် ပိုမိုတိကျအောင် တိုင်းတာ ဖမ်းယူနိုင်ပါတယ်။ ပိုသေးတဲ့ Recpetors(pixels) တွေမှာ အလင်းဝင်မှုကို တိတိကျကျ ဖမ်းယူနိုင်မှုနည်းတာကြောင့် image မှာ "Noise" လို့ခေါ်တဲ့ color မတိကျတဲ့ pixels တွေဖစ်ပေါ်လာနိုင်ပါတယ်။"Noise" များလေ image အရည်အသွေး(resolution) ကျလေဖစ်တာကြောင့် physical size ပိုကြီးတဲ့ 20 Mp camera က physical size သေးတဲ့ 30 Mp camera ထက်ပိုကောင်းနေတာမျိုးဖစ်ပါတယ်။Megapixel တူညီတဲ့ camera တွေမှာလည်း အလားတူပြသနာမျိုးဖစ်နေပါတယ်။ ဒါကြောင့် Brand မတူတဲ့ smartphone camera တွေမှာ Mp တူပေမဲ့ Image အရည်အသွေး မတူညီတာမျိုးတွေ ဖစ်နေရတာပါ။ Smartphone architecture ပိုကောင်းတဲ့ brand ရဲ့ camera လုပ်ဆောင်ချက်ပိုင်းဟာ ပိုကောင်းနေမှာဘဲ ဖစ်ပါတယ်။
(Myo Thet Khaing)

Post a Comment

Previous Post Next Post