၁၈၈၇ သြဂုတ် ၁၂ ရက်နေ့မှာ
အာဝင်ရှရိုဒင်းဂါးကို သြစတြီးယားအင်ပါယာ အက်ဒင်ဘာ့ဂ်မှာ မွေးပါတယ်။ အဖေဖြစ်သူ
ရူးဒေါ့ရှရိုဒင်းဂါးဟာ ရုက္ခဗေဒပညာရှင် တစ်ယောက်ဖြစ်ပြီး ဓာတုဗေဒပညာရှင် ဘုဝါးရဲ့
သမီးဖြစ်သူ ဂျော့ဂျင်အင်မလီယာဘရန်ဒါ နဲ့ ရတဲ့ တစ်ဦးတည်းသော သားလည်း ဖြစ်ပါတယ်။
မိခင်ဖြစ်သူ အင်မလီယာဟာ
သြစတြီးယန်း အင်္ဂလိပ် ကပြားတစ်ယောက် ဖြစ်ပြီး ပရိုတက်စတင့် ဘာသာဝင်
တစ်ယောက်ဖြစ်ပါတယ်။ ဖခင်ကတော့ ကတ်သိုလစ် ဘာသာဝင်ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ငယ်စဉ်က
၂ ဘာသာကိုးကွယ်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အာဝင်ဟာ ငယ်စဉ်က အရှေ့တိုင်း
ဒသနိကဗေဒနဲ့ ဘာသာရေးကို သဘောကျသူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဘာသာစုံဘုံကိုးကွယ်သူ
တစ်ယောက် အဖြစ် ရပ်တည်ပါတယ်။ သူ့ရဲ့ သိပ္ပံဆိုင်ရာ လေ့လာချက် လုပ်ငန်းတွေမှာတောင်
ဘာသာရေးသင်ကေတတွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ကိုယ်တိုင်က သူ့ရဲ့
သိပ္ပံဆိုင်ရာ ကြိုးပမ်းချက်တွေကို ဘုရားသခင်ရဲ့ ဉာဏ်တော်ဆီ ချဉ်းကပ်တာ အဖြစ်သာ
ရှုမြင်ပါတယ်။
၁၈၈၇ သြဂုတ် ၁၂ ရက်နေ့မှာ
အာဝင်ရှရိုဒင်းဂါးကို သြစတြီးယားအင်ပါယာ အက်ဒင်ဘာ့ဂ်မှာ မွေးပါတယ်။ အဖေဖြစ်သူ
ရူးဒေါ့ရှရိုဒင်းဂါးဟာ ရုက္ခဗေဒပညာရှင် တစ်ယောက်ဖြစ်ပြီး ဓာတုဗေဒပညာရှင် ဘုဝါးရဲ့
သမီးဖြစ်သူ ဂျော့ဂျင်အင်မလီယာဘရန်ဒါ နဲ့ ရတဲ့ တစ်ဦးတည်းသော သားလည်း ဖြစ်ပါတယ်။
မိခင်ဖြစ်သူ အင်မလီယာဟာ
သြစတြီးယန်း အင်္ဂလိပ် ကပြားတစ်ယောက် ဖြစ်ပြီး ပရိုတက်စတင့် ဘာသာဝင်
တစ်ယောက်ဖြစ်ပါတယ်။ ဖခင်ကတော့ ကတ်သိုလစ် ဘာသာဝင်ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ငယ်စဉ်က
၂ ဘာသာကိုးကွယ်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အာဝင်ဟာ ငယ်စဉ်က အရှေ့တိုင်း
ဒသနိကဗေဒနဲ့ ဘာသာရေးကို သဘောကျသူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဘာသာစုံဘုံကိုးကွယ်သူ
တစ်ယောက် အဖြစ် ရပ်တည်ပါတယ်။ သူ့ရဲ့ သိပ္ပံဆိုင်ရာ လေ့လာချက် လုပ်ငန်းတွေမှာတောင်
ဘာသာရေးသငေ်္ကတတွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ကိုယ်တိုင်က သူ့ရဲ့
သိပ္ပံဆိုင်ရာ ကြိုးပမ်းချက်တွေကို ဘုရားသခင်ရဲ့ ဉာဏ်တော်ဆီ ချဉ်းကပ်တာ အဖြစ်သာ
ရှုမြင်ပါတယ်။
၁၉၂၁ မှာ ဇူးရစ်တက္ကသိုလ်ကို
ပြောင်းလာပါတယ်။ ၁၉၂၇ မှာတော့ ဖရက်ဒရစ် ဝီလ်ဟန် တက္ကသိုလ်ရဲ့ ပါမောက္ခနေရာကို
မက်စ်ပလန့်ဆီက ဆက်ခံပါတယ်။ ၁၉၃၄ မှာတော့ ရှရိုဒင်းဂါးဟာ နာဇီဝါဒကို ရွံမုန်းလို့
ဘာလင်ကနေပါမက ဂျာမနီနိုင်ငံကပါ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြေးလာလို့
တစ်နယ်တစ်ကျေးမှာ အဆင်မပြေမှာစိုးလို့ သူ့ကို အောက်စ်ဖို့ဒ် တက္ကသိုလ်
မက်ဒလန်ကောလိပ်က သုတေသနကြေးအဖြစ် ပေးခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ဒီရတ်နဲ့အတူ
နိုဘယ်လ်ဆုကို ကွမ်တန်မက္ကင်းနစ်အတွက် ရခဲ့ပါတယ်။ သူ့ရဲ့ အောက်စ်ဖို့ဒ်သုတေသနဟာ
သိပ်မစွံပါ။ သူက မိန်းမ ၂ယောက်နဲ့ အတူ နေရတာ မကာမိပါ။ ၁၉၃၄ မှာ ထွက်လာကာစက
အမေရိကန် ပရင်စတန်မှာ စာဝင်သင်ခဲ့ပါသေးတယ်။ နေရာ တစ်နေရာ ခန့်အပ်လိုကြပေမယ့်
ရှရိုဒင်းဂါးက လက်မခံခဲ့ပါ။ သူက သူ့ဇနီးသည်နဲ့ အတူ အခြေတကျ ပြန်နေချင်ပေမယ့်
သူ့ရည်းစားက လက်မခံလို့ပါ။
ဇနီးသည်နဲ့ အတူ
၁၉၃၈ အိုင်ယာလန်ကို
ပြောင်းရွေ့ပြီးတဲ့နောက် သူက သူရယ် သူ့ဇနီးရယ် နောက်ထပ် မာ့ချ်ဆိုတဲ့
မိန်းမတစ်ယောက်ရယ်ရဲ့ ဗီဇာတွေ ရခဲ့ပါတယ်။ သူဟာ သြစတြီးယား
လုပ်ဖော်ကိုင်ဖက်ရဲ့ဇနီးသည် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၃၄ မှာ ရှရိုဒင်းဂါးနဲ့
သမီးတစ်ယောက် ရခဲ့ပါတယ်။ သူဟာ အဖေတူ အမေကွဲ ညီအစ်မ ၂ ယောက်ရဲ့ အဝေးရောက်ဖခင်
ဖြစ်ခဲ့ပါတယ်။ မတ်ချ်ကို သူပဲဗီဇာရအောင် ကူညီပေးတာပါ။ ဒါကြောင့်ပဲ ထွက်ပြေးနေတုန်း
တစ်အိမ်ထဲ မိန်းမ ၂ ယောက် ထားရတဲ့ ပြသနာ ကြုံရတာပါ။ သေးတော့ မသေးနိုင်ပါဘူး။
၁၉၃၆ မှာ သြစတြီးယား
ပြန်ရောက်ပါတယ်။ မွေးမြေ အက်ဒင်ဘာ့ဂ်မှာ အလုပ်ရခဲ့ငြား ဗီဇာမရပါ။ ဒါကြောင့် ဂရက်ဇ်
တက္ကသိုလ်မှာ အလုပ်လက်ခံခဲ့ပါတယ်။အိနိ္ဒယနိုင်ငံ အလာဟာဘတ်တက္ကသိုလ်မှာလည်း
ရူပဗေဒဌာနရဲ့ ဌာနမှူးအဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ်။
ဒီ ၁၉၃၅ ကာလအတောအတွင်း
အိုင်းစတိုင်းနဲ့ ဆက်သွယ်ပြီး ရှရိုဒင်းဂါးကြောင်ဆိုတဲ့ သူ့ရဲ့ အတွေး
စမ်းသပ်ချက်ကို တင်ပြခဲ့တာပါ။
၁၉၃၈ မှာ ၁၉၃၃ က နာဇီကို
ဆန့်ကျင်ဖူးတဲ့ သူ့ရဲ့ ရာဇဝင်ကြောင့် ပြသနာ အကြီးကြီး တက်ပါတယ်။ ဒါကြောင့် နာဇီကို
ဆန့်ကျင်မိတာ မှားကြောင်း ခံဝန်ထိုးရပါတယ်။ အိုင်းစတိုင်းကိုလည်း သူ့အနေနဲ့ နာဇီ
မဆန့်ကျင်ကြောင်း ခံဝန် မလုပ်မဖြစ် ဖြစ်ခဲ့ပုံကို ရင်ဖွင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း
အလုပ်ကနေ အထုတ်ခံရတာပါပဲ။ အခြိမ်းအခြောက် မကြာမကြာ ခံရပြီး တစ်ဖက်ကလည်း နိုင်ငံကနေ
မထွက်သွားဖို့ သတိပေးတာ ခံရပါတယ်။ ဒါပေမယ့် အသက်ဘေး အန္တရာယ်ကြောင့် အီတလီကို
တိမ်းရှောင်ခဲ့ရပါတယ်။ ဂန့်နဲ့ အောက်စ်ဖို့ဒ်မြို့တွေမှာ ဆက်လက် ပို့ချတာတွေ
လုပ်ခဲ့ပါတယ်။
ထိုနှစ်မှာပဲ ဒီဘလဲရာရဲ့
အိုင်ယာလန်သို့ ဖိတ်ခေါ်ချက် ရခဲ့ပါတယ်။ ဒပ်ဘလင်က အဆင့်မြင့်ပညာဌာနကို
ထူထောင်ရာမှာ ကူညီဖို့ သဘောတူခဲ့ပါတယ်။ သူက ဒပ်ဘလင်မှာ သဘောတရားရေး
ရူပဗေဒပညာကျောင်း ကျောင်းအုပ်အနေနဲ့လည်း နှစ်ပေါင်း ၁၇ နှစ်ကြာကြာ
တာဝန်ယူခဲ့ပါသေးတယ်။ ၁၉၄၈ မှာတော့ အိုင်ယာလန် နိုင်ငံသားအဖြစ် တရားဝင် ခံယူပါတယ်။
သို့သော် တစ်ဖက်ကလည်း သြစတြီးယန်းနိုင်ငံသားအဖြစ် ခံယူထားဆဲပါ။ စာတမ်းပေါင်း ၅၀
ကျော်ကို ပြုစုခဲ့ပြီး သီအိုရီများ ပေါင်းစည်းရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။
၁၉၄၄ မှာတော့ သူ့ရဲ့
ကျော်ကြားတဲ့ ဘဝဆိုတာ ဘာလဲ ဆိုတဲ့ စာအုပ်ကို ရေးသားပါတယ်။ ဗီဇကုတ်နဲ့ ရှုပ်ထွေးတဲ့
မော်လီကျူး အဖွဲ့အစည်းတွေအကြောင်း ရေးသားထားတာပါ။ ဒီအန်အေကို ရှာတွေ့တဲ့ ဝပ်ဆန်
ဆိုသူက ဒီစာအုပ်က သူ့ကို လမ်းစဖော်ပေးတယ်လို့ ပြောကြားခဲ့ပါတယ်။ အသက်ဇီဝဆိုတာ
ရှုပ်ထွေးတဲ့ ကုတ်တစ်ခုအဖြစ် ဗီဇထဲ မော်လီကျူးထဲ ပြဋ္ဌာန်း သွတ်သွင်းပြီးသားဆိုတဲ့
အယူအဆကို တင်ပြ ထားတာပါ။ ကံသေကံမဝါဒီပီပီ လူရဲ့ အသက်ဇီဝဟာ ကံသေကံမဖြစ်တယ်လို့ သူက
ထောက်ပြခဲ့ပါတယ်။
၁၉၅၅ အနားမယူခင်ထိ ဒပ်ဘလင်မှာ
ဆက်တိုက် အလုပ်တွေ လုပ်နေဆဲပါ။ ဟိန္ဒူဝေဒ အယူအဆကို သူက ကြိုက်နှစ်သက်ပါတယ်။
ဒါကြောင့် ဘဝဆိုတာ ဘာလဲ ဆိုတဲ့ စာအုပ်မှာ လူတိုင်းရဲ့ သိစိတ်ဆိုတာ စကြဝဠာ
သိစိတ်ရဲ့ တစ်ဒေသသာ ဖြစ်ပါတယ်။ သူဟာ ဒသနကို ပိုမြတ်နိုးပါတယ်။ ၁၉၅၆
ကမ္ဘာ့စွမ်းအင်နဲ့ ပက်သက်တဲ့ ဟောပြောပွဲမှာ အနုမြူစွမ်းအင် အကြောင်း ပြောမယ့်အစား
ဒသနိကဗေဒ လက်ချာကို ပေးခဲ့ပါတယ်။ သူက အနုမြူစွမ်းအင်ကို မယုံကြည်နိုင်လို့ပါတဲ့။
ရှရိုဒင်းဂါးက အစက သူ့ခေတ်နဲ့သူ
ထင်ရှားတဲ့ လျှပ်စစ်ဆိုင်ရာ နိယာမတွေ ရောင်ခြည်တွေကို လေ့လာနေတဲ့သူဖြစ်ပါတယ်။
ဘရောင်း ရွေ့လျားမှုနဲ့ ပက်သက်တာတွေကို အစပိုင်းက လေ့လာခဲ့ပြီး ၁၉၁၂ မှာ
လျှပ်စစ်သံလိုက်ပညာ လက်စွဲစာအုပ်ရဲ့ စာတည်း တောင်းဆိုလို့ လျှပ်စစ်အကြောင်း စာတမ်းတစ်ခု
ပြုစုခဲ့ပါတယ်။
အဲ့ဒီနှစ်မှာပဲ ရှရိုဒင်းဂါးက
ရေဒီယို သတ္တိကြွဝတ္ထုတွေရဲ့ ဖြစ်တန်ရာ အမြင့်တွေကို ခန့်မှန်းပေးခဲ့ပါတယ်။ ၁၉၁၃
သြဂုတ်မှာ လက်တွေ့ သက်သေပြနိုင်ခဲ့ပါတယ်။ ၁၉၁၉ မှာလုပ်တဲ့ တည်ငြိမ်
အလင်းစမ်းသပ်ချက်ဟာ သူ့ရဲ့ နောက်ဆုံး လက်တွေ့ လုပ်ခြင်းပါ။ နောက်ပိုင်းမှာ သူက
သဘောတရားရေးကို အသားပေးပြီးတော့ လေ့လာခဲ့ပါတယ်။
သဘောတရားရေးကို လေ့လာတော့
မက်စ်ပလန့် အိုင်းစတိုင်းနဲ့ နီးဘိုးတို့ရဲ့ ကွမ်တန်အယူအဆတွေ အပေါ်သူက
အာရုံစိုက်ခဲ့ပါတယ်။ ဒီပညာ ဗဟုသုတ မှတ်သားချက်တွေက သဘောတရားရေး ရူပဗေဒနဲ့
ပက်သက်လို့ အကူအညီတွေ အများကြီး ပေးပါတယ်။ သို့သော် ထိုခေတ် ရှရိုဒင်းဂါးရဲ့
သြစတြီးယား ရူပဗေဒ အသိုက်အဝန်းဟာ ရှေးရိုး ရူပဗေဒထဲက မရုန်းထွက် ကြသေးပါ။
အက်တမ်သီအိုရီနဲ့ ပက်သက်လို့
ရှရိုဒင်းဂါးရဲ့ ပထမဆုံး ရေးသားတာက ၁၉၂၀ နှစ်ပိုင်းတွေမှ စတင်ခဲ့တာပါ။ ပထမဆုံး
စာတမ်းက အီလက်ထရွန် ရိုက်ခတ်တဲ့အခါ အယ်ကာလီ သတ္ထုတွေရဲ့ လှိုင်းစဉ်တွေအကြောင်း
ဖြစ်ပါတယ်။
၁၉၂၂ မှာ ဟာမင်ဝေးလ်ရဲ့
နည်းသုံးပြီး ကွမ်တန် မက္ကင်းနစ်ကို လေ့လာခဲ့ပါတယ်။ အီလက်ထရွန်
ပတ်လမ်းကြောင်းတွေကို ဂဲသြမေတြီ ရှုထောင့်ကနေ ရှုမြင်ခဲ့တာပါ။ အလွန်ကို
သေးငယ်တယ်ဆိုတဲ့ ကွမ်တန်လမ်းကြောင်းတွေမှာ ဂဲသြမေတြီသဘော ရှိနေသေးတယ်ဆိုတာကို
ပြသဖို့ ဖြစ်ပါတယ်။ ဒါက နောင်သူ တွေ့ရှိလာတော့မယ့် လှိုင်းမက္ကင်းနစ်အတွက် အတော်
အရေးပါလာပါတယ်။ အဲ့ဒီနှစ်ပိုင်းတွေမှာပဲ Doopler သက်ရောက်မှုကြောင့် ဖြစ်လာတဲ့
ရောင်စဉ်တန်းလေးတွေအပေါ် အလင်း ကွမ်တာ အနုမာနနဲ့ စွမ်းအင် အဟုန် အဆက်အစပ်တွေအပေါ်
ရှရိုဒင်းဂါး ညီမျှခြင်းတွေ ထုတ်ခဲ့ပါတယ်။
အိတ်စ်နာ ပြောတဲ့
ကူးပြောင်းတည်မြဲခြင်း နိယာမတွေရဲ့ စတက္စတစ် သဘာဝအယူအဆကို သဘောကျပါတယ်။ ဒါကြောင့်
သူဟာ ဘိုးတို့ ကွမ်တန် ဆောင်းပါးတွေကို စောင့်ကြည့်နေခဲ့ရပါတယ်။ စတက္စတစ်ဆိုတာ
ဖြာထွက် ရောင်စဉ်တန်းတွေ အဲ့ထဲမှာ ပါတဲ့ အမှုန်တွေအကြောင်း လေ့လာတာပါ။
၁၉၂၆ ဇန်နဝါရီလမှာ
ရှရိုဒင်းဂါးက Annalen der Physik ဆိုတဲ့ စာစောင်မှာ မက်ထရစ်ရဲ့ သုည
ဒီတာမနန့်ဖြစ်အောင် ကွမ်တန်ကောက်ကြောင်း Quantization as an Eigenvalue Problem
ဆိုတဲ့ စာတမ်းကို ရေးပါတယ်။ ဒီစာတမ်းမှာ လှိုင်းညီမျှခြင်းရဲ့ အချိန်မှီခို ဒီရဗေးတစ်
အီကွေးရှင်းကို တွက်ပြခဲ့ပါတယ်။ ဟိုက်ဒြိုဂျင် အက်တမ်ရဲ့ စွမ်းအင် ပြကိန်း မေထရစ်
အမှန်ကိုလည်း တွက်ပြခဲ့ပါတယ်။
ဒီစာတမ်းက ၂၀ ရာစု အတွက်
အထူးအရေးပါတဲ့ စာတမ်းဖြစ်ခဲ့ပါတယ်။ ကွမ်တန်တော်လှန်ရေးအတွက် အထောက်အကူဖြစ်ခဲ့ပြီး
ကွမ်တန်မက္ကင်းနစ်ကို လမ်းစ ဖော်ပေးခဲ့ပါတယ်။
ဒုတိယ စာတမ်းဟာ ကွမ်တန်
ကြိမ်နှုန်းမှန် တုန်ခါမှု၊ စံထား လည်ပတ်မှု နဲ့ အက်တမ် ၂ လုံးပါ မော်လီကျူး
ပြသနာတွေအတွက် ဖြစ်ပါတယ်။ နောက်တော့ သူ့ရဲ့ ညီမျှခြင်းကို တစ်မျိုး
ထပ်တွက်ထုတ်ပြခဲ့ပါသေးတယ်။ မေလမှာ ထွက်တဲ့ တတိယစာတမ်းဟာ ဟေဇင်ဘတ်နဲ့ သူသဘောတရား
တူကြောင်း ထုတ်ပြန်တာပါ။ စတာ့ခ် သက်ရောက်မှုအတွက်လည်း ပြင်ဆင်ချက်တွေ
ထုတ်ခဲ့ပါတယ်။ စတုတ္ထစာတမ်းဟာ အချိန်နဲ့တပြေး ပြောင်းလဲနေတဲ့ စနစ်တွေအတွက်
ဖြေရှင်းနည်း ဖြစ်ပါတယ်။ ရေဒီယို သတ္တိကြွ ယိုယွင်းမှုတွေလို စနစ်တွေပါ။
ဒီစာတမ်းမှာ
လှိုင်းညီမျှခြင်းတွေအတွက် ရှုပ်ထွေးတဲ့ ဖြေရှင်းချက်တွေကို သူက မိတ်ဆက်ခဲ့ပါတယ်။
ဒီလိုမှ မဟုတ်ရင် လေးခုမြောက် နဲ့ ခြောက်ခုမြောက် ဒရစ်ဖဗတစ်တွေ ပါလာဦးမှာပါ။
လျှော့ချဖို့ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ကိန်းစစ်ကနေ
ကိန်းထွေတွေဘက် ကွမ်တန် မက္ကင်းနစ်က ရွေ့ပြောင်းလာတာပါ။ သူ ကိန်းထွေတွေ မိတ်ဆက်တာက
ဒစ်ဖရင်ရှယ် ညီမျှခြင်းတွေရဲ့ အစီအစဉ်ကို လျှော့ချဖို့ပါ။ အံ့သြစွာပဲ
လှိုင်းညီမျှခြင်းတွေ အားလုံးကို သူက အဆင့်တစ် ဒစ်ဖရင်ရှယ်ထိ လျှော့ချလိုက်ပါတယ်။
ဒါတွေက သူရဲ့ ရူပဗေဒအသိုက်အဝန်းမှာ ကြီးကျယ်တဲ့ အောင်မြင်မှုပါ။
HΨ =
EΨ
ရှရိုဒင်းဂါးရဲ့ အချိန်မှီခို
ညီမျှခြင်းက တကယ်တော့ ကြောင်းကျိုး ဆက်စပ်ပါတယ်။ သူ့ရဲ့ i ħ ∂ψ/∂t = H Ψ အရ
ပထမ အချိန်မှာ လှိုင်းကို သိရင် နောက်တစ်ချိန်ရဲ့ လှိုင်းကိုပါ သိနိုင်ပါတယ်။
deterministic ဖြစ်တာပါ။
သို့သော် နောက်တစ်ပိုင်းက
တိုင်းတာတဲ့အခါပါ။ တိုင်းတာတဲ့အခါကျ အဖြေတစ်ခုကို ထုတ်ပေးပါတယ်။ အဖြေမပေးခင်အထိ
probability သဘော က စကား ပြောပါတယ်။ ကြောင်ကို ရေဒီယို သတ္တိကြွ ဖိုတွန်နဲ့
အဆိပ်ငွေ့ပုလင်း ဆက်ထားတဲ့ သေတ္တာထဲ အလုံပိတ် ထည့်ထားပါ။ ဖိုတွန်ရဲ့ ရေဒီယို
သတ္တိကြွနှုန်းက ၅၀ % ဖြစ်တော့ ကြောင်ဟာ သေနိုင်တယ်။ ရှင်လည်း ရှင်နေ နိုင်သေးတယ်။
ဒီအခြေအနေမှာ ခုနက deterministic ညီမျှခြင်းနဲ့ ယှဉ်ထိုးကြည့်ရင် လှိုင်းဟာ
သေတစ်ဝက် ရှင်တစ်ဝက် ဖြစ်နေပါတယ်။ သေတ္တာကို အဖုံး မဖွင့်သေးပါ။ သေသလား ရှင်သလား
ဖွင့်မကြည့်ပါ။
ဖွင့်ကြည့်လိုက်ပြီ ဆိုတာနဲ့
ကြောင်ဟာ သေနေမယ် ဒါမှမဟုတ် ရှင်နေမယ် ဆိုတာ ပေါ်ပါပြီ။ သေချာ သွားပါတယ်။
သဘောကတော့ ခုနက သေတစ်ဝက် ရှင်တစ်ဝက်ဆိုတဲ့ လှိုင်းဟာ ပြိုပျက် သွားတာပါ။ observe
လုပ်တဲ့အခါ ပြိုပျက်သွားတာပါ။ သူ့ရဲ့ time dependent equation မှာပါတဲ့ H ဆိုတဲ့
operator ကို သူက ဒါကြောင့် ထည့်ထားတာပါ။ observe လို့ ရှရိုဒင်းဂါးခေါ်တဲ့ H က
လှိုင်းမှီချက် ψ ရဲ့ ဦးတည်ရာကို အဆုံးအဖြတ် ပေးပါတယ်။
မတိုင်းတာခင် ဝါ မကြည့်ခင်
အခြေအနေကို quantum superposition ခေါ်ပါတယ်။ ψ= ψ₁+ψ₂
ပါတဲ့။ ခုနင်က ဥပမာပေးတဲ့ သေတစ်ဝက် ရှင်တစ်ဝက် လှိုင်းမျိုး ၂ ခု ရဲ့
လှိုင်းမှီချက်တွေ ပေါင်းလိုက်တာပါ။ ဆိုလိုတာက wave function တွေက ခုနက ပြောသလို
မကြည့်ခင်အထိ သေတစ်ဝက် ရှင်တစ်ဝက် သေတာလား ရှင်တာလား မသိဘဲ ဖြစ်နေပါလိမ့်မယ်။
အကယ်၍ ကြည့်လိုက်ပါပြီတဲ့ ဖြစ်နိုင်စွမ်းတွေက အများကြီးထဲကနေ ကြည့်ရှုသူအဖို့
တစ်ခုခုတော့ သေချာသွားပြီ။
မတိုင်းတာ မကြည့်ရှုခင်
superposition အခြေအနေမှာ ဖြစ်တဲ့ ဖြစ်တန်စွမ်းတွေအတွက် ဘွန်းက Probability = |ψ|² လို့
ဆိုပါတယ်။ ဆိုပါစို့။ quantum superposition အခြေအနေမှာ ဖြစ်တန်စွမ်း = |ψ|² = |ψ₁+ψ₂|²
= ψ₁² + ψ₂² + 2ψ₁ψ₂ ဖြစ်နေပါတယ်။ သေချာကြည့်ရင် ဖြစ်နိုင်တဲ့ အခြေအနေတွေထဲ 2ψ₁ψ₂ ပိုနေတာ တွေ့မှာပါ။ အပြိုင်စကြဝဠာအတွက်လို့ပဲ ဆိုရမလား။ ဒီအချိန် တစ်ယောက်ယောက်က အဖုံး ကြည့်လိုက်မယ် ဆိုပါစို့။ သေတာလား ရှင်တာလား သူသိသွားမယ်။ စဉ်းစားကြည့်လိုက်ပါ။
= ψ₁² + ψ₂² + 2ψ₁ψ₂ ဖြစ်နေပါတယ်။ သေချာကြည့်ရင် ဖြစ်နိုင်တဲ့ အခြေအနေတွေထဲ 2ψ₁ψ₂ ပိုနေတာ တွေ့မှာပါ။ အပြိုင်စကြဝဠာအတွက်လို့ပဲ ဆိုရမလား။ ဒီအချိန် တစ်ယောက်ယောက်က အဖုံး ကြည့်လိုက်မယ် ဆိုပါစို့။ သေတာလား ရှင်တာလား သူသိသွားမယ်။ စဉ်းစားကြည့်လိုက်ပါ။
ခုနကလို သေတ္တာ ၂ ခု ရှိမယ်။
ဦးသော်က ပထမ သေတ္တာကို ကြည့်မယ်။ ပထမသေတ္တာက ကြောင်က သေနေပြီ။ ကျွန်တော်က ဒုတိယ
ကို ကြည့်မယ်။ ဒီမှာ ကြောင်က ရှင်နေသေးတယ်။ ခုနက ကျွန်တော်တို့ ကြောင်တွေ
ဖြစ်နိုင်နေတာ သေတစ်ဝက် ရှင်တစ်ဝက်။ အခုတော့ ကျွန်တော့်ကြောင်ဟာ လက်ရှိ ကြည့်နေတဲ့
ကျွန်တော့်အဖို့ ရှင်နေတယ်။ ဦးသော်ကြောင်ဟာ လက်ရှိ ကြည့်နေတဲ့ ဦးသော်အဖို့
သေနေတယ်။ ဖြစ်တန်စွမ်းဆိုတာ မရှိတော့ပြီ။ ကြည့်ရှုလိုက်တဲ့ အခိုက်မှာပင်
ကြည့်ရှုသူ ကိုယ်စီအတွက် တိကျနေမယ်။
ဖြစ်တန်စွမ်းနဲ့ ပက်သက်လို့တော့
” ကျွန်တော် မကြိုက်ဘူး။ ဒါပေမယ့် ကျွန်တော် ဒါနဲ့ ပက်သက်လို့ အများကြီး လုပ်ဖို့
ရှိတယ်။ ” လို့ ပြောခဲ့ပါတယ်။
အိုင်းစတိုင်းရဲ့ ယေဘုယျ
ရလေတစ်ဗတီဘောင်ထဲ တခြား အား ၃ ခု သွတ်သွင်းတဲ့ ပေါင်းစပ်စက်ကွင်း သီအိုရီကို
ရှရိုဒင်းဂါးက အောင်မြင်အောင် လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။
ဒါကြောင့် တခြား ခေါင်းစဉ်တွေဘက်ကို လှည့်ခဲ့ပါတယ်။
ဒီရတ်နဲ့ အတူ ရူပဗေဒ Nobel
Prize (1933)
Max Planck Medal (1937)
Elected a Foreign Member of
the Royal Society (ForMemRS) in 1949
Erwin Schrödinger
Prize of the Austrian Academy of Sciences (1956)
Austrian Decoration for
Science and Art (1957)



Post a Comment