လူမှာ free will ဆိုတာ မရှိဘူး။ သမိုင်းတ​လျှောက် လူ​တွေဟာ ပတ်ဝန်းကျင်ရဲ့ disciplines ​တွေထဲမှာပဲ ​နေလာတာ။ ​တကယ်​တော့ သဘာဝကိုက လူဆိုတဲ့ မျိုးစိတ် အသက်ရှင် ရပ်တည်ချင်ရင် ဒါ​တွေကို လိုက်နာကြရမယ်ဆိုပြီး ကန့်သတ်လိုက်တာ။ အဲ့ဒီကတည်းက လူဟာ free will ​ပျောက်ဆုံးပြီး ​နောက်လိုက် disciple ​တွေဖြစ်သွားတာပဲ။

Disciplines တွေရှိတယ်ဆိုရင် သ​ဘောက အမြဲ ချိုး​ဖောက်မှု​တွေရှိတယ်။ ချိုး​ဖောက်တာက ဘာကို ချိုး​ဖောက်တာလဲဆို​တော့ စံကို ချိုး​ဖောက်တာ​တွေ။ ဒါ​တွေအတွက် punishment ​တွေရှိလာမယ်။

ဥပမာ က​လေး​တွေကို လိင်စိတ်တိမ်းညွှတ်တာဟာ ဒီဖက်​ခေတ်မှာ​တော့ အပြစ်တခု​ပေမဲ့ ၁၉ ရာစု ​ဗစ်တိုးရီးယား​ခေတ် ယောကျာ်း​တွေအတွက်​တော့ အရွယ်စုံ ဆိုက်စုံ ပြည့်တန်ဆာ​တွေ ရှိတယ်။ ​နောက်​တော့ လိင်စိတ်ကို ကန့်သတ် ထိန်းကွပ်လာတာမျိုး​တွေ ရှိလာတယ်။ ပြင်းထန်တဲ့ ထိန်းသိမ်းမှု​တွေ အပြစ်​ပေးတာ​တွေ​ပေါ့။

ဆိုရရင် ဟိုးတုန်းက ခိုးတာ​လေးနဲ့လည်း လက်ဖြတ်ရင်ဖြတ်မယ်။ စံအရ အပြစ်ဒဏ်ဟာ အမှားပိစိ​လေးကို ကွပ်မျက်တဲ့အထိ ပြင်းထန်နိုင်တဲ့ ခေတ်က​နေ အမြင်မတူတာကို ညှိယူတဲ့​ခေတ် ​နောက်ဆုံး society နဲ့ မကိုက်ညီဘူး ထင်တဲ့သူ​တွေကို ​ထောင်ထဲထည့်ပြီး ပြုပြင်တာမျိုး​တွေ ဖြစ်လာတယ်။ ပိုပြီး သိမ်​မွေ့ထိ​ရောက်တာကိုး။

အလားတူ ဥပမာလိုပဲ ( ကျ​နော်တို့အ​ခေါ် ) လိင်စိတ်မမှန်သူ​တွေကို ​ဆေးသု​တေသန​တွေနဲ့ ကုသဖို့ တနည်း ကျ​နော်တို့ ​ဘောင်ထဲကို စံ​တွေထဲကို ပြန်လည်သွတ်သွင်းဖို့ ကြိုးစားတာကလည်း ဒါ အသိမ်​မွေ့ဆုံးနဲ့ အထိ​​​ရောက်​ဆုံး ပြုပြင်​စေခြင်း Punishment ပဲ။

ဆို​တော့ အဲ့လို Disciplines and Punishments ​တွေက လူသားဆိုတဲ့ disciple ​တွေအ​ပေါ်မှာ ရှိလာပြီဆို ဒါ​တွေကို ​ဆောင်ရွက်တဲ့ တ​ကြောင်းသွားပါဝါလိုအပ်တယ်။ ဆိုလိုတာက ဘုရားကအစ အုပ်စုတစုစီရဲ့ ​ခေါင်း​ဆောင်​တွေအထိပဲ။

ဒီတ​ကြောင်းသွား ပါဝါ​တွေဟာ လွတ်​မြောက်မှုကို ဘာမှ အကျိုးမပြုဘူး။ ဒီ​တော့ လွတ်​မြောက်ဖို့ စိတ်ရှိတဲ့သူ​တွေဟာ သူ့​ပေါ် သက်​ရောက်​နေတဲ့ ဒီပါဝါ​တွေကို သုံးသပ်တယ်။ ​ဝေဖန်တယ်။ ​ပြောရဲဆိုရဲ ရှိလာတယ်။ ဒီလူ​​တွေကပဲ ရှေ့ထွက် ဦး​ဆောင်လာနိုင်တယ်။ ဘာသာ​​ရေး ​ခေါင်း​ဆောင် အများစုရဲ့ ပုံစံ​ပေါ့။ ​နောက်​တော့ ဒီလူ​တွေဟာ အသိအမှတ်ပြုခံရတယ်။ Power and Resistance ရဲ့ friction အဖြစ် Pleasure ရလာတယ်။ ဒီ​အ​ပေါ်မှာ သာယာသွားတဲ့အခါ သူတို့ Originality ​ပျောက်ဆုံးသွားတယ်။ Pleasure က တကယ့် freedom ​ယောင်​ဆောင်လာတယ်။ ပီတိမှာ အဆုံးသတ်သွားကြတယ်။

ဆို​တော့ ဒီလူ​တွေ ဦး​​ဆောင်တဲ့ ​နောက်ထပ် society အသစ်​တွေ ထပ်​ပေါ်လာပြီး ​နောက်ထပ် disciplines and punishments ​တွေပါ ထပ်ပါလာတယ်။ community ရဲ့ စံ​တွေနဲ့ မကိုက်ရင် ဒါဟာ စံလွဲ​နေသူပဲ ပြုပြင်​ပေးရမယ့် တာဝန်ရှိတယ်လို့ အဲ့အုပ်စုထဲကလူ​တွေကပါမြင်လာတယ်။ ဒါ​ကြောင့် ငရဲဆိုတာ​တွေ ရှိလာတာ​ပေါ့။

Originality ကိုပြန်လည်ရှာ​တွေ့ရင် အတ္တဗဟိုပြု လူ့အဖွဲ့အစည်းက လွတ်​မြောက်မယ်။ Originality ကို ထိန်းသိမ်းနိုင်ရင် စစ်မှန်တဲ့ လုပ်နိုင်စွမ်းအား Power ကို ရမယ်။ disciple ဘဝက​နေ လွတ်​မြောက်မယ်။

Thura Aung

Post a Comment

Previous Post Next Post